ညကလေးမှာ
လရိပ်ကရေးတေးတေး..
ငါ...တွေးငေးနေတုန်း
ဘာကြောင့်မှန်းမသိ.....
လေညှင်းလေးတောင်...
ဟိုးအဝေး ထွက်ပြေးသွားတယ်
ကမ္ထာတစ်ခြမ်းစီ..ကွာလှမ်းနေတော့လည်း
ချစ်သူရယ်..
ဒီအချိန် နင့်ကိုငါလွမ်းတာပေါ့
မှန်းကြည့်တော့ ဝေဒနာ
မမြင်သာပေမယ့်.....
ကြယ်ကလေးတွေ စာနာ
လရိပ်လေးတောင် ပျာယာခတ်သွားရဲ့.....
မဟူရာ ညတစ်လျှောက်..
အသူရာ ချောက်တစ်ခုလို..
ငါ တစ်ယောက်ထဲ
မှောင်စပ်လို့..
ဒါတွေ ရှောင်ထွက်ဖို့
မင်းကလေး ရယ်...
လတစ်စင်းရဲ့ ကြင်နာခြင်းနဲ့
ငါ့ရင်တွင်း..လာလင်းချင်းလှည့်ပေါ့...
ကောင်းကင်တစ်ခုလုံး..
ငါ ရှင်းလင်းထားမယ်လေ....
Tuesday, July 28, 2009
Wednesday, June 17, 2009
ကစဥ့်ကလျား..
မိုးကရွာတယ်
နာရီသံတချက်ချက်နဲ့..
လျှပ်တွေကပြက်နေလိုက်ကြတာ..
အပြင်ကိုထွက်ကြည့်တော့..
ကတ္တရာလမ်းကြီးလဲမိုးရေတွေနဲ့ ခြောက်ကပ်လို့..
ဘာဆိုဘာမှမရှိကြတော့ဘူး
အိပ်မက်ထဲမှာ အိပ်မက်ကိုရှာတယ်
ပစ္စုပန်ကိုသာ အမှတ်မရခဲ့ရင်
ငါတစ်သက်လုံးဆက်အိပ်မိမှာ..
ဒါပေမယ့်လဲလေ..
နံရံတွေပြိုကျ..မိုးခတဲ့ ဒီညမှာ
သတိကရမိတော့လဲ..ငါနိုးထလာမိပေါ့..
မြှားနတ်မောင်က လက်တစ်ဖက်ပြတ်တယ်
ငါ..တစ်ဖက်သတ်ဖြစ်ခဲ့တာ..
ဒါဆို..ဘာမှမဆန်းဘူးပေါ့
မမှန်းတဲ့ ပန်း...
ကမ်းမလာတာ မဆန်းပေမယ့်
အလှမ်းတော့ မဝေးစေချင်ခဲ့တာ..
ငါ့ဆန္ဒပါ..
ပင်ယံထက်..ဝေသည်ဖြစ်စေ
မြေပြင်ထက်..ကြွေသည်ဖြစ်စေ
ငါကတော့..တုံဏိဘာဝေ..
ဒီတော့...
ဒီညမှာ..
မိုးကရွာတယ်
အိပ်မက်ထဲမှာ အိပ်မက်ကိုရှာတယ်
မြှားနတ်မောင်က လက်တစ်ဖက်ပြတ်တယ်
သြော်...ငါကတော့ တုံဏိဘာဝေ
နာရီသံတချက်ချက်နဲ့..
လျှပ်တွေကပြက်နေလိုက်ကြတာ..
အပြင်ကိုထွက်ကြည့်တော့..
ကတ္တရာလမ်းကြီးလဲမိုးရေတွေနဲ့ ခြောက်ကပ်လို့..
ဘာဆိုဘာမှမရှိကြတော့ဘူး
အိပ်မက်ထဲမှာ အိပ်မက်ကိုရှာတယ်
ပစ္စုပန်ကိုသာ အမှတ်မရခဲ့ရင်
ငါတစ်သက်လုံးဆက်အိပ်မိမှာ..
ဒါပေမယ့်လဲလေ..
နံရံတွေပြိုကျ..မိုးခတဲ့ ဒီညမှာ
သတိကရမိတော့လဲ..ငါနိုးထလာမိပေါ့..
မြှားနတ်မောင်က လက်တစ်ဖက်ပြတ်တယ်
ငါ..တစ်ဖက်သတ်ဖြစ်ခဲ့တာ..
ဒါဆို..ဘာမှမဆန်းဘူးပေါ့
မမှန်းတဲ့ ပန်း...
ကမ်းမလာတာ မဆန်းပေမယ့်
အလှမ်းတော့ မဝေးစေချင်ခဲ့တာ..
ငါ့ဆန္ဒပါ..
ပင်ယံထက်..ဝေသည်ဖြစ်စေ
မြေပြင်ထက်..ကြွေသည်ဖြစ်စေ
ငါကတော့..တုံဏိဘာဝေ..
ဒီတော့...
ဒီညမှာ..
မိုးကရွာတယ်
အိပ်မက်ထဲမှာ အိပ်မက်ကိုရှာတယ်
မြှားနတ်မောင်က လက်တစ်ဖက်ပြတ်တယ်
သြော်...ငါကတော့ တုံဏိဘာဝေ
Sunday, June 14, 2009
အခု..ငါလေ
အချစ်ဦးမို့ပါ...
အလှထူးမှာ ယစ်မူးငြိတွယ်
ဘ၀အသစ်လို့..မူးမြစ်ထင်ခဲ့မိတာ
ဒါ..ငါ မချစ်ဘူးခဲ့လို့ပါ ဟာ
စကားရွှင်ရွှင်..
အပြုံးလွင်လွင်လေးတွေ..
နင့် မျက်နှာမှာမြင်တိုင်း
ခဏတာမက..တစ်ဘ၀စာ
သိက္ခာတွေ..ငါခ၀ါချပေးခဲ့ဘူးတယ်
ပျော်ရွှင်ခြင်းတွေ..
မျှော်လင့်ခြင်းတွေ..
ခေါ်ငင်ရာနောက် ရွက်တွေလွှင့်လို့
ရက်လရှည်ရှည်..
ရွက်ဝါဝေလဲ..
အသတ်သေတဲ့အထိ..
ငါဆက်ချစ်ချင်ခဲ့တယ်...
ဒါပေမယ့်လဲလေ
ကမ္ဘာပေါ်မှာအချစ်ရဆုံး..
အမြတ်နိုးဆုံး..
တစ်ပါးသောနတ်ဘုရားမရဲ့
စကားသံအောက်မှာ
ဥပက္ခာတရားတွေရစ်ထုံးတော့..
အကြောင်းမရှိ..
အလိုလိုလူတွေကို ငါမုန်းလာပေါ့
နင်..
နင်းလျှောက်လို့ နင်းခြေ
ကမ္ဘာပျက်သလိုပဲ
အိပ်မက်တွေသာ သေလာခဲ့တယ်
ရူးနှမ်းနှမ်း အကန်းတစ်ယောက်လို
စမ်းကိုရှာခဲ့ပေမယ့်
အရာမထင်တဲ့..တခဏမှာ
တံလျှပ်တောင်..ငါမမြင်ခဲ့ရဘူး
တကယ်တော့
အစတောင်မဆုံးသေးဘူး
ငါ..ရှုံးနိမ့်ခဲ့ပြီးသား
နှလုံးသားနဲ့..ပြုံးခဲ့တာတွေ
နှလုံးသားနဲ့..ပျော်ခဲ့တာတွေ
အားလုံးအတွက်
ကောင်မလေးရေ..
အခု..နင့်ကိုငါမုန်းတယ်..
အခု..နင့်ကိုငါမုန်းပါရဲ့.....
အလှထူးမှာ ယစ်မူးငြိတွယ်
ဘ၀အသစ်လို့..မူးမြစ်ထင်ခဲ့မိတာ
ဒါ..ငါ မချစ်ဘူးခဲ့လို့ပါ ဟာ
စကားရွှင်ရွှင်..
အပြုံးလွင်လွင်လေးတွေ..
နင့် မျက်နှာမှာမြင်တိုင်း
ခဏတာမက..တစ်ဘ၀စာ
သိက္ခာတွေ..ငါခ၀ါချပေးခဲ့ဘူးတယ်
ပျော်ရွှင်ခြင်းတွေ..
မျှော်လင့်ခြင်းတွေ..
ခေါ်ငင်ရာနောက် ရွက်တွေလွှင့်လို့
ရက်လရှည်ရှည်..
ရွက်ဝါဝေလဲ..
အသတ်သေတဲ့အထိ..
ငါဆက်ချစ်ချင်ခဲ့တယ်...
ဒါပေမယ့်လဲလေ
ကမ္ဘာပေါ်မှာအချစ်ရဆုံး..
အမြတ်နိုးဆုံး..
တစ်ပါးသောနတ်ဘုရားမရဲ့
စကားသံအောက်မှာ
ဥပက္ခာတရားတွေရစ်ထုံးတော့..
အကြောင်းမရှိ..
အလိုလိုလူတွေကို ငါမုန်းလာပေါ့
နင်..
နင်းလျှောက်လို့ နင်းခြေ
ကမ္ဘာပျက်သလိုပဲ
အိပ်မက်တွေသာ သေလာခဲ့တယ်
ရူးနှမ်းနှမ်း အကန်းတစ်ယောက်လို
စမ်းကိုရှာခဲ့ပေမယ့်
အရာမထင်တဲ့..တခဏမှာ
တံလျှပ်တောင်..ငါမမြင်ခဲ့ရဘူး
တကယ်တော့
အစတောင်မဆုံးသေးဘူး
ငါ..ရှုံးနိမ့်ခဲ့ပြီးသား
နှလုံးသားနဲ့..ပြုံးခဲ့တာတွေ
နှလုံးသားနဲ့..ပျော်ခဲ့တာတွေ
အားလုံးအတွက်
ကောင်မလေးရေ..
အခု..နင့်ကိုငါမုန်းတယ်..
အခု..နင့်ကိုငါမုန်းပါရဲ့.....
Friday, May 29, 2009
လ..မဟုတ်တဲ့ နေ
မလှ..မပ..
အချစ်မှာ.ရှုံးခဲ့တာ..
လကလေးတောင်..ပျောက်သွားပြီ
ဒီလိုအချိန်..
သူငယ်ချင်းရယ်..
ငါ့အတွက်..နေတစ်စင်းလို..တောက်ပေးပါလား..
ချစ်သူ့စကား..
ဒါးသွားလိုထက်မြချိန်..
နှလုံးသားလဲပြတ်ရှ..
ဒဏ်ရာတွေ ဗရပွနဲ့ပေါ..
ဒီလိုအချိန်..သူငယ်ချင်းရယ်..
တယု..တယ ဂရုစိုက်တဲ့စကား..
နင့်ဆီ က ငါ..ကြားပါရစေလား..
အခု..
ချစ်သူလရောင်..
ညအမှောင်မှာ..နောက်သွားစေဦး
နင်ထွန်းခဲ့တဲ့...နေ
ငါ..ရင်မှာလင်းချင်းခဲ့ပြီပေါ့
ချစ်သူ့..လေသံ
အမုန်းများနဲ့..ခါးနေပစေဦး
သူငယ်ချင်းရေ..
နင်ကြိုခဲ့တဲ့..အပြုံးတစ်ပွင့်နဲ့
ဝေဒနာတွေ..ငါ အဆုံးသတ်ခဲ့ပြီပေါ့
အချစ်မှာ.ရှုံးခဲ့တာ..
လကလေးတောင်..ပျောက်သွားပြီ
ဒီလိုအချိန်..
သူငယ်ချင်းရယ်..
ငါ့အတွက်..နေတစ်စင်းလို..တောက်ပေးပါလား..
ချစ်သူ့စကား..
ဒါးသွားလိုထက်မြချိန်..
နှလုံးသားလဲပြတ်ရှ..
ဒဏ်ရာတွေ ဗရပွနဲ့ပေါ..
ဒီလိုအချိန်..သူငယ်ချင်းရယ်..
တယု..တယ ဂရုစိုက်တဲ့စကား..
နင့်ဆီ က ငါ..ကြားပါရစေလား..
အခု..
ချစ်သူလရောင်..
ညအမှောင်မှာ..နောက်သွားစေဦး
နင်ထွန်းခဲ့တဲ့...နေ
ငါ..ရင်မှာလင်းချင်းခဲ့ပြီပေါ့
ချစ်သူ့..လေသံ
အမုန်းများနဲ့..ခါးနေပစေဦး
သူငယ်ချင်းရေ..
နင်ကြိုခဲ့တဲ့..အပြုံးတစ်ပွင့်နဲ့
ဝေဒနာတွေ..ငါ အဆုံးသတ်ခဲ့ပြီပေါ့
နင့်အမုန်းနဲ့..လူ
စကားရှင်းရှင်း
ခပ်တင်းတင်းနဲ့..နင်ကဆိုတယ်
ကင်းကင်းနေပါဆိုလား
အမုန်းထက်ထက်
ခပ်ဆတ်ဆတ်နဲ့..နင်ကဟန့်တယ်
မပတ်သတ်ပါနဲ့ဆိုလား
လှရက်သားနဲ့..နင်မပြုံးဘူး
သြော်..
ငါ့ကိုမုန်းလို့ထင်ပါရဲ့
နင့်အမုန်းနဲ့..လူ
ဒီမြေဒီရေအဆုံးထိ
နင်ရှောင်ပုန်းချင်နေရဲ့
နင့်အမုန်းနဲ့..လူ
နှလုံးသားလည်း ရှုံးပါစေတော့
နင့်အပြုံးနဲ့အဝေးမှာ...
ဘ၀တစ်ခုလုံးအဆုံးသတ်ပေးပါ့မယ်
ခပ်တင်းတင်းနဲ့..နင်ကဆိုတယ်
ကင်းကင်းနေပါဆိုလား
အမုန်းထက်ထက်
ခပ်ဆတ်ဆတ်နဲ့..နင်ကဟန့်တယ်
မပတ်သတ်ပါနဲ့ဆိုလား
လှရက်သားနဲ့..နင်မပြုံးဘူး
သြော်..
ငါ့ကိုမုန်းလို့ထင်ပါရဲ့
နင့်အမုန်းနဲ့..လူ
ဒီမြေဒီရေအဆုံးထိ
နင်ရှောင်ပုန်းချင်နေရဲ့
နင့်အမုန်းနဲ့..လူ
နှလုံးသားလည်း ရှုံးပါစေတော့
နင့်အပြုံးနဲ့အဝေးမှာ...
ဘ၀တစ်ခုလုံးအဆုံးသတ်ပေးပါ့မယ်
နင်ထားခဲ့တဲ့..နွေ
နင်ထားခဲ့တဲ့..နွေ
ရွက်ဝါတွေ တဖြိုက်ဖြိုက်ကြွေ
အလွမ်းမီ်းမြိုက်တွေ နဲ့
ငါမနေလိုဘူး
နင်ထားခဲ့တဲ့..နွေ
စကားရှရှ...
သတိရတော့
မိုးစက်သံမြ ..မချိုလှဘူး
နင်ထားခဲ့တဲ့..နွေ
မျက်စောင်းလှလှ
အမှတ်ရတော့
နှင်းစက်မြေခ.. မအေးမြဘူး
နင်ထားခဲ့တဲ့..နွေ
ရာသီတွေ ဘယ်လိုဟောင်း
တအောင်းမေ့မေ့...ပြန်တမ်းတတော့
ရင်ထဲမှာ ဆောင်းမဟုတ်ဘူး
ရင်ထဲမှာ..နွေ
ရင်နှင့် နင့်စွာယုယချင်လည်း
ချစ်ခြင်းစကား နင်မကြားခဲ့ဘူး
ရွက်ဝါတွေ တဖြိုက်ဖြိုက်ကြွေ
အလွမ်းမီ်းမြိုက်တွေ နဲ့
ငါမနေလိုဘူး
နင်ထားခဲ့တဲ့..နွေ
စကားရှရှ...
သတိရတော့
မိုးစက်သံမြ ..မချိုလှဘူး
နင်ထားခဲ့တဲ့..နွေ
မျက်စောင်းလှလှ
အမှတ်ရတော့
နှင်းစက်မြေခ.. မအေးမြဘူး
နင်ထားခဲ့တဲ့..နွေ
ရာသီတွေ ဘယ်လိုဟောင်း
တအောင်းမေ့မေ့...ပြန်တမ်းတတော့
ရင်ထဲမှာ ဆောင်းမဟုတ်ဘူး
ရင်ထဲမှာ..နွေ
ရင်နှင့် နင့်စွာယုယချင်လည်း
ချစ်ခြင်းစကား နင်မကြားခဲ့ဘူး
Subscribe to:
Comments (Atom)