အချစ်ဦးမို့ပါ...
အလှထူးမှာ ယစ်မူးငြိတွယ်
ဘ၀အသစ်လို့..မူးမြစ်ထင်ခဲ့မိတာ
ဒါ..ငါ မချစ်ဘူးခဲ့လို့ပါ ဟာ
စကားရွှင်ရွှင်..
အပြုံးလွင်လွင်လေးတွေ..
နင့် မျက်နှာမှာမြင်တိုင်း
ခဏတာမက..တစ်ဘ၀စာ
သိက္ခာတွေ..ငါခ၀ါချပေးခဲ့ဘူးတယ်
ပျော်ရွှင်ခြင်းတွေ..
မျှော်လင့်ခြင်းတွေ..
ခေါ်ငင်ရာနောက် ရွက်တွေလွှင့်လို့
ရက်လရှည်ရှည်..
ရွက်ဝါဝေလဲ..
အသတ်သေတဲ့အထိ..
ငါဆက်ချစ်ချင်ခဲ့တယ်...
ဒါပေမယ့်လဲလေ
ကမ္ဘာပေါ်မှာအချစ်ရဆုံး..
အမြတ်နိုးဆုံး..
တစ်ပါးသောနတ်ဘုရားမရဲ့
စကားသံအောက်မှာ
ဥပက္ခာတရားတွေရစ်ထုံးတော့..
အကြောင်းမရှိ..
အလိုလိုလူတွေကို ငါမုန်းလာပေါ့
နင်..
နင်းလျှောက်လို့ နင်းခြေ
ကမ္ဘာပျက်သလိုပဲ
အိပ်မက်တွေသာ သေလာခဲ့တယ်
ရူးနှမ်းနှမ်း အကန်းတစ်ယောက်လို
စမ်းကိုရှာခဲ့ပေမယ့်
အရာမထင်တဲ့..တခဏမှာ
တံလျှပ်တောင်..ငါမမြင်ခဲ့ရဘူး
တကယ်တော့
အစတောင်မဆုံးသေးဘူး
ငါ..ရှုံးနိမ့်ခဲ့ပြီးသား
နှလုံးသားနဲ့..ပြုံးခဲ့တာတွေ
နှလုံးသားနဲ့..ပျော်ခဲ့တာတွေ
အားလုံးအတွက်
ကောင်မလေးရေ..
အခု..နင့်ကိုငါမုန်းတယ်..
အခု..နင့်ကိုငါမုန်းပါရဲ့.....
Subscribe to:
Post Comments (Atom)
No comments:
Post a Comment