Friday, May 29, 2009

လ..မဟုတ်တဲ့ နေ

မလှ..မပ..
အချစ်မှာ.ရှုံးခဲ့တာ..
လကလေးတောင်..ပျောက်သွားပြီ
ဒီလိုအချိန်..
သူငယ်ချင်းရယ်..
ငါ့အတွက်..နေတစ်စင်းလို..တောက်ပေးပါလား..

ချစ်သူ့စကား..
ဒါးသွားလိုထက်မြချိန်..
နှလုံးသားလဲပြတ်ရှ..
ဒဏ်ရာတွေ ဗရပွနဲ့ပေါ..
ဒီလိုအချိန်..သူငယ်ချင်းရယ်..
တယု..တယ ဂရုစိုက်တဲ့စကား..
နင့်ဆီ က ငါ..ကြားပါရစေလား..

အခု..
ချစ်သူလရောင်..
ညအမှောင်မှာ..နောက်သွားစေဦး
နင်ထွန်းခဲ့တဲ့...နေ
ငါ..ရင်မှာလင်းချင်းခဲ့ပြီပေါ့
ချစ်သူ့..လေသံ
အမုန်းများနဲ့..ခါးနေပစေဦး
သူငယ်ချင်းရေ..
နင်ကြိုခဲ့တဲ့..အပြုံးတစ်ပွင့်နဲ့
ဝေဒနာတွေ..ငါ အဆုံးသတ်ခဲ့ပြီပေါ့

No comments:

Post a Comment