နင်ထားခဲ့တဲ့..နွေ
ရွက်ဝါတွေ တဖြိုက်ဖြိုက်ကြွေ
အလွမ်းမီ်းမြိုက်တွေ နဲ့
ငါမနေလိုဘူး
နင်ထားခဲ့တဲ့..နွေ
စကားရှရှ...
သတိရတော့
မိုးစက်သံမြ ..မချိုလှဘူး
နင်ထားခဲ့တဲ့..နွေ
မျက်စောင်းလှလှ
အမှတ်ရတော့
နှင်းစက်မြေခ.. မအေးမြဘူး
နင်ထားခဲ့တဲ့..နွေ
ရာသီတွေ ဘယ်လိုဟောင်း
တအောင်းမေ့မေ့...ပြန်တမ်းတတော့
ရင်ထဲမှာ ဆောင်းမဟုတ်ဘူး
ရင်ထဲမှာ..နွေ
ရင်နှင့် နင့်စွာယုယချင်လည်း
ချစ်ခြင်းစကား နင်မကြားခဲ့ဘူး
Friday, May 29, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment