Tuesday, July 28, 2009

ငါ့ရဲ့...ကောင်းကင်

ညကလေးမှာ
လရိပ်ကရေးတေးတေး..
ငါ...တွေးငေးနေတုန်း
ဘာကြောင့်မှန်းမသိ.....
လေညှင်းလေးတောင်...
ဟိုးအဝေး ထွက်ပြေးသွားတယ်

ကမ္ထာတစ်ခြမ်းစီ..ကွာလှမ်းနေတော့လည်း
ချစ်သူရယ်..
ဒီအချိန် နင့်ကိုငါလွမ်းတာပေါ့
မှန်းကြည့်တော့ ဝေဒနာ
မမြင်သာပေမယ့်.....
ကြယ်ကလေးတွေ စာနာ
လရိပ်လေးတောင် ပျာယာခတ်သွားရဲ့.....

မဟူရာ ညတစ်လျှောက်..
အသူရာ ချောက်တစ်ခုလို..
ငါ တစ်ယောက်ထဲ
မှောင်စပ်လို့..
ဒါတွေ ရှောင်ထွက်ဖို့
မင်းကလေး ရယ်...
လတစ်စင်းရဲ့ ကြင်နာခြင်းနဲ့
ငါ့ရင်တွင်း..လာလင်းချင်းလှည့်ပေါ့...
ကောင်းကင်တစ်ခုလုံး..
ငါ ရှင်းလင်းထားမယ်လေ....

No comments:

Post a Comment