နင်မသိခဲ့ဘူး
ငါ့ရဲ့..ခံစားမှုတွေ....
နင်မကြားခဲ့ဘူး
ငါ့ရဲ့..ရင်ခုန်သံတွေ....
နင်မမြင်ခဲ့ဘူး
ငါ့ရဲ့..သံယောဇဉ်တွေ..
နင်မရှိတော့ပေမယ့်လဲ
နင်ရှိနိုင်မဲ့..နေရာတွေမှာ
ငါဟာရှာဆဲပဲ
မိုးရေတွေရယ် လမ်းမကြီးရယ်..
ရင်ထဲမှာ အရင်အတိုင်းပါပဲ
ဘာကြောင့်များ
နင် နဲ့ ထီးကလေး
ဟိုးအဝေး..ထွက်ပြေးသွားရသလဲ
နင့်အတွက်ပါ
ငြိမ်းချမ်းစေကြောင်း..
ဘုရားမှာဆုတောင်းခဲ့တာလည်း အခါခါပေါ့
ရင်ခွင်ဟာ နေတစ်စင်းလိုပြင်းပြ
နင်မရှိခဲ့ချိန်တွေမှာ..ငါသတိရပါတယ်
နင် နဲ့ ဝေးကွာ..
မြေရေတစ်ဖက် စီ ခြား
ဘ၀ဟာ အကျည်းတန်လွန်းခဲ့တယ်
ဟုတ်ပါရဲ့
ငါဟာ..ညဥ့်နက်နက်လတစ်စင်းလို အထီးကျန်နေပါတယ်
မောင်လှမျိုး(ချင်းချောင်းခြံ)ကပြောတယ်
သတိရလို့ ပြန်လွမ်းမိတာပါတဲ့
တာရာမင်းဝေကပြောတယ်
အားလုံးကိုစွှန့်လွှတ်လိုက်ရရင်တောင်
သတိရခြင်းကို..ငါပိုင်တယ်တဲ့
ငါ့အတွက်တော့
အတိတ်မှာ..ဖြစ်ပျက်ခဲ့သမျှအားလုံးထဲက
ချစ်ခြင်းကိုသက်သေပြစရာဆိုလို့
ကောင်မလေးရေ..
သတိရခြင်းပဲ..ရှိတော့တယ်
တစ်ကယ်ပါ
ငါ..တစ်ဖက်သတ်ကြီးသတိရနေပါတယ်
Friday, May 29, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment