Friday, May 29, 2009

နင်မသိတဲ့...မီးခွက်

ရင်ခွင်တစ်ခု..ဖြစ်ချင်တယ်
နင်..အရှုံးတွေနဲ့ရင်ဆိုင်ရတိုင်း
ပုန်းခို ငိုကျွေးလို့ ရအောင်ပေါ့

ပုခုံးတစ်ဖက်..ဖြစ်ချင်တယ်
နင်..အားငယ်စရာတွေကြုံလာတိုင်း
မှီတွဲ လို့ရအောင်ပေါ့

အခက်အခဲတွေကြုံလာတိုင်း
ခေါ်လိုက်ပေါ့
ငါဟာ..ကမ်းလင့်ရာလက်တစ်စုံဖြစ်ချင်လို့ပါ

ဒါပေမယ့်...
ဒါတွေ..နင်မသိခဲ့ပါဘူး
တကယ်တော့
ငါ့အဖြစ်က သခင်မရှိတဲ့မီးခွက်စောင့်လိုမျိုး
ဘာမှမတတ်နိုင်ခဲ့ဘူး
နင်..ခေါ်မှ မခေါ်ခဲ့ဘဲဟာ

No comments:

Post a Comment