ဥသြငှက် ကလေး ..တေးဆိုနေတယ်
ချစ်သူကို ..လွမ်းလို့ထင်ပါရဲ့
ဇင်ရော်ငှက် ကလေး..ပျံသန်းသွားတယ်
ချစ်သူဆီ..မှန်းလို့ထင်ပါရဲ့
ဗျိုင်းဖြူ ကလေး..မျှော်ငေးနေတယ်
ချစ်သူဆီ..လှန်းဖို့တွေးနေတယ်ထင်ပါရဲ့
မကြဉ်ပါနဲ့ ..ချစ်သခင်
ရင်ထဲက ..
အခင်အမင်..
နင်မြင်အောင် မပြတတ်ရုံလေးပါ
နင်..မမြင်တဲ့ကမ္ဘာတစ်ခြမ်း
အမုန်းမြစ်ကမ်း နဘေးမှာ
ငါ..လွမ်းတေးဆိုနေမယ်
ဥသြငှက် ကလေးလိုပေါ့
ပင်လယ်တွေ ဖြတ်သန်း
နင်..ရှိရာ ပျံသန်းခဲ့မယ်
ဇင်ရော်ငှက် ကလေးလိုပေါ့
နင်ရှိရာ..အမြဲမှန်းလို့
ငါ..တမ်းတနေမယ်
ဗျိုင်းဖြူငှက် ကလေးလိုပေါ့ လေ
Friday, May 29, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment