Friday, May 29, 2009

စေရာ..အရှင်

ဒိန်းကနဲပဲ...
ရင်ခုန်သံတွေထိန်းမရခဲ့ဘူး
မျက်ဝန်းနက်နက်..
မျက်စောင်းလှလှ..ကလေးနဲ့
ငါ့ရင်ဘတ်ထဲ...ကဗျာတစ်ပုဒ်..နင်ဝင်သိမ်းသွားခဲ့တယ်

မရေရာတဲ့..ဘ၀မှာ
ခဏတာလေးဆိုပေမယ့်..
အိပ်မက်ကလေးတွေ...လေမှာလွင့်ပျံခဲ့ဘူးပါတယ်
အိပ်ခန်းကျဉ်းကျဉ်းကလေး..
မျက်နှာကျက်ဖြူဖြူလေးပေါ်...
နင့်မျက်နှာလာထင်နေတော့လဲ
ငါစိတ်ကူးနဲ့..ရူးခဲ့ရပေါ့
ငါစိတ်ကူးနဲ့..မြူးခဲ့ရပေါ့
ဒါ ဘာများထူးသလဲ....နော့

နင်ဟာဘ၀လေးတစ်ခုရဲ့..နေ့ နဲ့ ညပေါ့
နင်မရှိတဲ့..မနက်မှာဆို နင့်ကိုမှန်းလို့
နင်မရှိတဲ့..ညမှာဆို နင့်ကိုလွမ်းလို့
ဒီလိုနဲ့..မရေရာတဲ့ ဘ၀မှာ
နင်ဟာ ငါ့ကမ္ဘာလေးဖြစ်လာခဲ့ပေါ့

နတ်သက်ကြွေ...နတ်မိမယ်ရေ...
ကြယ်မှုန်တွေစား..
လမင်းလေးဆီကများ ဆင်းသက်လာလေသလား
အရာရာမှာ ခမ်းနား
အရာရာမှာ ၀င့်ကြွားလို့
နင် ဟာ ဘုရင်မ တစ်ပါးထက်ပိုပါတယ်

သခင်မတစ်ပါး လို
နှလုံးသားရဲ့ တံခါးလေးထဲ
မော်မော်ကြွားကြွား..နင်ဝင်သွားကြည့်ပေါ့
ချစ်ခြင်းဖွဲ့ ပန်းရုံ အနား..
အပြင်လူ..မကြားစေချင်တဲ့ စကား
နှစ်ကိုယ်ကြား..ငါတိုးတိုးလေးပဲ ပြောပါရစေ
တကယ်ပါ..
ငါရိုးရိုးလေး ပဲချစ်ပါရစေ
ငါရိုးရိုးလေး ပဲချစ်တာပါလေ....

No comments:

Post a Comment