Friday, May 29, 2009

လမင်း..သို့

အလွမ်းတွေသာ လှေကားထစ်တွေဆို
ငါ..ခြေကုန်လက်ပမ်းကျနေပြီ
နင်မသိမမြင်တဲ့ ဟိုမှာဘက်နံရံမှာ
ငါ..တစ်ယောက်တည်း ကုပ်ကုပ်ကလေးထိုင်လို့
အားငယ်လိုက်ရတာ
ဒါတွေ..ဟိုးအဝေးကလမင်းလေး
နင်..မြင်မှမြင်ပါလေစ

လမင်းလေးရေ
ကန်ရေပြင်မှာ ရောင်ပြန်မဟပ်လဲရပါတယ်
ဝေဒနာတွေအားလုံးအတွက်
မျက်စောင်းတစ်ချက်..ထားသွားပေး
ငါ့..အတွက်တော့
နင်ဟာမခါးတဲ့ဆေး..မမှောင်တဲ့ လမင်းလေးပါ

လမင်းလေးရေ..
စကားသံတွေ..လေဟာနယ်ကြီးခြားထားသလိုပဲ
အနက်ရှိုင်းဆုံးတောင်းဆိုသံတွေ
ပဲ့တင်မှ မပြန်နိုင်ခဲ့ပဲ့...
ဒါတောင် မျှော်လင့်နေခဲ့သေးတယ်
မျှော်လင့်နေမိသေးတယ်
မရုန်းကန်နိုင်ခဲ့တဲ့လမ်းတစ်လျှောက်
မချည်ခဲ့တဲ့နှောင်ကြိုးတွေနောက်
တကောက်ကောက်လိုက်ရင်း
မူးမေ့လဲကျ
အား....
လမင်းလေးရေ..
နင့်အတွက်တော့
ငါ..ဟာ ထာဝရအရူးတစ်ယောက်ပါကွယ်..

No comments:

Post a Comment