ကျွန်တော် စရေးပါတော့မယ် အခု ဘာရေးရမလဲ ဆိုတာကို စဉ်းစားနေပါတယ် ကျွန်တော်ခေါင်းထဲမှာ ဘာရေးရမှန်းကို မသိသေးလို့ ပါ။ ကျွန်တော်စရေးတော့မယ်။ အင်းဘယ်ကစရင်ကောင်းမလဲ။ ကျောင်းက အကြောင်းနဲ့ စရမှာလား။ အင်း တစ်ခု တော့ရေးမှ ကောင်းမယ် ဒါကပထမဆုံးရေးတာလေ။ အင်း စဉ်းစားရင် စဉ်းစားရင်း ဘယ်ကစရမှန်းတောင်မသိတော့ဘူး။ ကျွန်တော်စာကို စရေးမယ်လို့ စဉ်းစားလိုက်တိုင်း စဉ်းစားလိုက်တိုင်း အစကပျောက် ပျောက်သွားတယ်။ အင်း အင်း ခေါင်းထဲမှာ တစ်ခုခုကို စဉ်းစားမိသလိုပဲ။ ချရေးလိုက်တော့မယ်။ ဘယ်က စရမလဲ။ ဘယ်သူ့အကြောင်းကို စရေးရင်ကောင်းမလဲ။ ဘယ်လိုစရေးရမလဲ။ တစ်ကယ်တန်းခက်နေတာက အစ ဗျ။ အင်း အစ အစ နှစ်လုံးတည်းနဲ့ အတော်ခက်တာပဲ။
ကျွန်တော် ဘယ်ကနေစရေးရမလဲဆိုတာကို စဉ်းစားနေရင်း ကျွန်တော့်ဆရာ ရဲ့ ဆုံးမစာလေးကို သွားသတိရမိတယ်။ ကျွန်တော် မှတ်မိသလို ပြန်ရေးပြမယ်နော် "မည့်သည့်ပညာကို သင်ယူသည်မဆို အခက်အခဲများနှင့်ကြုံတွေ့ ရမည်သာဖြစ်သည်။ သို့သော် ထိုအခက်အခဲကို ကျော်မိသည်နှင့် တစ်ပြိုင်နက် ပညာတခါး ပွင့်သည်တည်း" ။ ဘယ်ကနေစရမှန်းမသိရင် သိတဲ့တစ်ခုခုနဲ့ သာစလိုက်ပါ။ တစ်ခုခုကို လုပ်တယ်ဆိုတာ တောင်တန်းတစ်ခုကို ကျော်ဖြတ်တာနဲ့ ဆင်တူပါတယ်။ တောင်တန်းဆိုတော့ ကုန်းတက်တစ်လှည့် ကုန်းဆင်း တစ်လှည့်နဲ့ ပေါ့။ ကုန်းတက်ကို တက်ပြီးသွားရင် ကုန်းဆင်းရောက်လာမှာ အသေအချာပါပဲ။ တစ်ခါတစ်လေ ကိုယ်စိတ်ဓာတ်ကျနေတဲ့ ကိစ္စတွေရှိရင် ဒီစာပိုဒ်လေးကို သတိရပြီး စာဖတ်သူတွေအားလုံး တောင်ကုန်းထိပ်ပေါ်ရောက်တဲ့ အထိအားတင်း တက်နိုင်ကြပါစေ။ ။
Sunday, May 17, 2009
Subscribe to:
Post Comments (Atom)
Ha Ha! There is no meaning in the first paragraph. This makes the loss of the precious time of the readers. :P
ReplyDeletewhat u write is what u think..but it is great
ReplyDeleteကောင်းပါတယ်။
ReplyDeleteတစ်ခုခုပေးလိုက်နိုင်တာပဲ။