စကားသံ..ချိုမြမြ
ကြားချင်ခဲ့မိတာလည်း
ရင်ထဲမှာ ခဏခဏပေါ့
မျက်ဝန်းနက်..လှလှ
မြင်ချင်ခဲ့မိတာလည်း
နှလုံးသားထဲမှာ တသသပေါ့
နင့်ပါးပြင်..နုနု
သနပ်ခါးဖွေးဖွေး မရှိခဲ့ပေမယ့်
အနမ်းတစ်ပွင့်ပေးခဲ့ချင် တာလည်း
ငါ့ဘ၀ရဲ့ တောင့်တမှုပေါ့
နင်ဟာ..ငါ့ဘ၀ရဲ့ပန်းကလေးတစ်ပွင့်
ဒါပေမယ့်
နမ်းချင်ရင်တောင် ငါမလှမ်းပါဘူး
ပင်ယံနန်းမှာ နေထိလို့နွမ်းသွားရင်တောင်
ခပ်လှမ်းလှမ်းမှာ...ငါလွမ်းနေမှာ
မမျှော်လင့်သင့်တာကိုလည်း
မမျှော်လင့်ဝံ့ပါဘူး
ဒီလိုပါပဲ..ကောင်မလေးရေ
မပြည့်နိုင်မဲ့..ဆုတောင်း
ဘ၀ဆက်တိုင်း...ငါမတောင်းတော့ပါဘူး
Friday, May 29, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment