Friday, May 29, 2009

သွားစမ်းပါ..နားစမ်းပါ..

ဇာတ်တော်ထဲမှာ..
ကိန္ဒရီ ကိန္ဒရာ တို့ရဲ့အလွမ်းကို..
စာဖွဲ့ခဲ့တယ် တဲ့လား
သွားစမ်းပါ
သူတို့ကျွန်တော့်လောက်..မလွမ်းတတ်ခဲ့ပါဘူး

ရာဇ၀င်ထဲမှာ..
နတ်ရှင်နောင် နဲ့ ဓာတုကလျာ တို့ရဲ့ အချစ်က
ကဗျာဆန်ခဲ့တယ် ဆိုပါလား
ကျွန်တော် ကဗျာမရေးတတ်ခဲ့ပါဘူး
ဒါပေမယ့်...
ဒါတွေ..နားလိုက်စမ်းပါ
အရိုးသားဆုံးပြောရရင်
သူတို့..ကျွန်တော့်လောက် မချစ်တတ်ခဲ့ပါဘူး

No comments:

Post a Comment