အချစ်ဦးမို့..ထင်တယ်
မချစ်ဘူး..မချစ်ဘူးနဲ့
ငါ့မှာရူး လိုက်ရတာ
နင့်အတွက်ဆို
မျှော်လင့်ချက်မဲ့ ..ငါနေတတ်တယ်
မျက်ရည်စက်မဲ့ ..ငါငိုတတ်တယ်
ဒါပေမယ့်
ကိုယ်တိုင်မလွတ်မြောက်ချင်မိလို့များလား
နင်မချည်ခဲ့ပေမယ့်..နင့်နှောင်ကြိုး မှာ..ငါမရုန်းတတ်ခဲ့ဘူး
ချစ်သူရယ်..
နင် နဲ့ ငါ့ နှလုံးသားနှစ်ခုကြားမှာ..
ဘာသာစကားမခြားခဲ့ ပါဘူး
ဘာ့ကြောင့်..ခံစားသိတွေဝေးဝေးသွားခဲ့သလဲ
ဒီလိုနဲ့..
အချိန်တွေအကြာကြီး..ကြာ
ဝေဒနာတွေနဲ့ ရင်းနှီးပြီးကာမှ
မုန်းဖို့စကား..နင်ထားခဲ့ရသလား
ရင်နဲ့ ရင်းပြီး ပြောချင်ရဲ့
မချစ်ရဘူးလား..
မလွမ်းရဘူးလား..
ဒါဆို..
နင်..ငါ့အသက်သာ ယူသွားပါ
Friday, May 29, 2009
Subscribe to:
Post Comments (Atom)
အတော်ရေးနိုင်တဲ့ကောင်
ReplyDeleteအံ့ရော၊ အံ့ရော။